Tuesday 11 August 2009

Welcome to UK !

ကျမ ပထမဦးဆုံးခြေချခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်က အခုလက်ရှိနေနေတဲ့ အင်္ဂလန်ပါ.. ပထမဆုံးရောက်တယ်ဆိုသလိုဘဲ ရှောရှောရှူရှူမရှိဘဲ အကုန်လုးံကမောက်ကမတွေချည်းပါဘဲ...
ရန်ကုန်လေဆိပ်ကို ကျမရဲ့ ကျေးဇူးရှင် ဦးလေး (မေမေ့မောင်) နဲ့ အဒေါ်ကလိုက်ပို့ပါတယ်.. ဖေဖေကတော့ လိုက်ပို့မယ်ပြောပြီးမှ နေမကောင်းဖြစ်တာနဲ့ မလာနိုင်ခဲ့ပါဘူး..နောက်ထပ်လိုက်ပို့တဲ့ အကိုတစ်ယောက်ရှိပါသေးတယ်.. သူ့အကြောင်းကိုတော့ နောက်များမှ ပို့စ်တစ်ခုရေးပြီးမှပြောပြပါမယ်.
ရန်ကုန်လေဆိပ်ရောက်တော့ check in ဝင်ချိန်မှာပဲ ဇာတ်လမ်းစပါတော့တယ်. ကျမ သယ်သွားဖို.ယူလာတဲ့ ပစ္စည်းတွေက သတ်မှတ်ထားတာထက် ကီလိုတွေပိုနေပါတယ် .. ပိုတာမှ ၈ကီလိုတောင်ပိုတာပါ.. ဒါနဲ.ထုံစံအတိုင်းပေါ့ Quata Airway က laggage tag လုပ်တဲ့ အကိုကြီးကို နည်းနည်းပါးပါးအသနားခံတော့ ကျောပိုးအိတ်ကို free ပေးမယ်တဲ့ ကျန်တာတော့မရဘူးဆိုပဲ ..ထပ်ညှိတော့ လက်ခံဆဲဆဲမှာပဲ ကျမကို လိုက်ပို.တဲ့အကိုက မှန်ကာထားတဲ့ဆီကနေ လက်ဟန်ခြေဟန်နဲ.သူလာခဲ့မယ်တဲ့ .. ခဏစောင့်ဆိုတော့ ကျမလည်း စောင့်နေလိုက်ပါတယ်... အဲ့ဒီခါကျမှ ပိုဆိုးတော့တာပဲ.. ကိုယ့်ဟာကို ညှိတုန်းက လျှော့နေတဲ့ကြိုးတွေ တင်းသွားပါတယ်.. ရှေ့နေငှားမှ ထောင်လုံးလုံးကျတာပါ.. လုံးဝ မရဘူးဆိုဘဲ .. ပိုတဲ့ ၁ကီလိုတိုင်းအတွက် $67 ပေးရမယ်တဲ့.. ထိုင်တောင်ငိုချင်သွားတယ်.. မထူးတော့ဘူးဆိုပြီး Hand Carry ထဲက စာအုပ်တွေ အကျီအနွေးထည်တွေထုတ် အစားအစာတချို.ထုတ် မန္တလေးက လူကြုံပါးလိုက်တဲ့ အထုပ်ကြီးပါထုတ်လိုက်တော့မှ အိုကေသွားတယ်.. အဲ့ဒီ လူကြုံအထုပ်ကတင် ၂ပိသာလောက်လေးပါတယ်.. စေတနာဗလပွနဲ့ ယူသွားပေးပါ့မယ်လို. ကတိပေးခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း တော်တော်ဒေါသထွက်ပါတယ်... သြော် ငါ့နှယ် ကိုယ်မပိုင်တဲ့အခြေအနေကို ကြိုမတွက်မိလေးခြင်းပေါ့..
ဒီလိုနဲ့ လောလောပစ္စည်းတွေထုတ် ထည့်လို့ရသမျှကျောပိုးအိတ်ထဲ ထိုးထည့် ဝရုန်းသုန်းကားနဲ့လေယာဉ်ပေါ်တက်ရပါတယ်.. လေယာဉ်ပေါ်ရောက်မှပဲ ညာဖက်လက်မက ဘယ်ကဘယ်လိုကွဲလာမှန်းမသိဘူး..သွေးတွေတစိမ့်စိမ့်ထွက်နေလေရဲ့ .. ထူပူနေတော့ ဘာကိုမှသတိမထားမိနိုင်အောင်ပဲ.. မြန်မာပြည်ကို စလွမ်းပြီး မျက်ရည်က ဝဲတက်လာပါတယ် (လက်ကနာတာလည်း ပါတာပေါ့လေ) ..
ကျမစီးတဲ့ လေကြောင်းက ဒိုဟာ transit ပါ.. ဒိုဟာရောက်ပြီး ထရန်စစ်လုပ် မန်ချက်စတာသွားမယ့်လေယာဉ်ပေါ်တက်.. ဟုတ်နေတာပဲ.. ငါတစ်ယောက်တည်းသွားတတ်သားပဲ လို.လည်းဂုဏ်ယူနေသေးတယ်.. ဟီးဟီး .. ပြဿနာက မန်ချက်စတာ လေဆိပ်ရောက်ခါနီး လေယာဉ်မယ်လေးက ကြေညာတော့မှစတာ... ကျမက student visa နဲ.လာတာဆိုတော့ ကျောင်းဝင်ခွင့်တွေ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ front desk မှာ ပြရမှာမို. ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး စာရွက်စာတမ်းတွေ ထည့်ထားတဲ့ဖိုင်ကိုဆွဲထုတ်လိုက်ပါတယ်.. အားပါးပါး.. ချဉ်ပေါင်ကြော်နံ.လေးမွှေးနေတာပဲ (ကျမအတွက်ပေါ့) .. အိုးမိုင်ဂေါ့... ဘုရားဘုရား သွားပါပြီ.. ရန်ကုန်လေဆိပ်မှာထိုးထည့်ခဲ့တဲ့ ရွှေချဉ်ပေါင်ကြော်ကဆီတွေ ရှိသမျှစာရွက်စာတမ်းတွေရော ဖိုင်တခုလုံးရော ရစရာမရှိအောင် စွန်းပေတာ နောက်ဆုံး ဒေါ်လာ ၁၀၀ တန်နှစ်ရွက်တောင် အဆစ်ပါသွားသေးတယ်..(ဆီလို အပေါက်ရှာပြီးထွက်တယ်ဆိုတဲ့စကား ခုမှနားလည်သွားပါတော့တယ်) ဘေးမှာထိုင်တဲ့ ကုလားမကဆို နှာခေါင်းရှုံ.ယုံတင်မကဘူး မျက်နှာပါပျက်နေပြီ.. တခြားလူတွေလည်းဟိုကြည့်ဒီကြည့်နဲ. ဘယ်ကအနံ.လည်းပေါ့ ..နောက်တော့ ကျမဖြစ်ပျက်နေတဲ့ပုံကို မြင်ပုံရတဲ့ လေယာဉ်မယ်က တစ်ရှူးတထပ်ကြီးလာပေးပြီး မြန်မြန်ရှင်းလိုက်ပါတဲ့ တော်တော်နံနေပြီတဲ့.. လေယာဉ်ဆိုက်ခါနီးမှ ဒုက္ခနဲ့ လှလှတွေ.တော့တာပါဘဲ....
ကျမ visa နဲ. documents တွေကိုစစ်တဲ့ English officer ကဆို သေချာတောင်ကိုင်မကြည့်ဘူး .. ရစ်လည်းမရစ်ဖူး.. တခါတည်းကို pass ပေးလိုက်တယ်.. သူ.ခမျာ အနံ.မခံနိုင်လွန်းလို.ထင်ပါတယ်...
လေဆိပ်ကထွက်တော့ ကျမလာတဲ့ agent (သူတို. အခေါ်တော့ learning centre ပေါ့လေ)က အမတစ်ယောက် လာကြိုပြီး ကျောင်းရှိရာ Wigan မြို.လေးကို ကားနဲ့ချီတက်ရတာပေါ့..ကျောင်းကပေးတဲ့အဆောင်မှာနေရာချပြီး အဲ့ဒီအမက ပြန်သွားပါတယ်.. အဆောင်လို.သာပြောတာ အိမ်သေးသေးလေးပါ.. မြို.ထဲကအိမ်တွေကို ငှားပြီးကျောင်းအဆောင်လုပ်တဲ့သဘောပေါ့. အမကတော့ ဒီအိမ်မှာမြန်မာတယောက် အိန္ဒိယတယောက် ကိုရီးယားတယောက်ရှိတယ် သမီးပါပါရင် လေးယောက်လို့ပြောသွားပါတယ်.. အခုချိန်ထိတော့ ခွေးတကောင်ကြောင်တမြီးမှ မတွေ.သေးပါဘူး... အချိန်ကြည့်တော့လည်း ည ၈နာရီခွဲနေပြီ .. နေကလည်းမဝင်သေးဘူး.. လူကအူကြောင်ကြောင်နဲ. ထူးဆန်းနေတယ်.. နောက်မှသိရတာက အင်္ဂလန်က နွေရာသီဆို ည ၁၀နာရီ လောက်မှ နေဝင်မိုးချူပ်တာတဲ့.. ၈ နာရီခွဲပြီဆိုမှတော့ ဗိုက်ကလည်းဆန္ဒပြနေပြီ.. စားစရာလည်းမပါလာ.. အော်နေဦး.. လေယာဉ်ပေါ်ကပါလာတဲ့ ခရက်ကာနှစ်ချပ်ရှိတယ်.. ရေနဲ.သောက်မယ်ပေါ့..လူကမြန်မာပြည်မှာလို ရေသန်.ဘူးလိုက်ရှာတယ်..မတွေ.ဘူး.. ဒါနဲ့ ကျောင်းက မီးဖိုချောင်သုံးပစ္စည်းဆိုပြီး ဘောက်စ်လေးတခုတွေ.တော့ ဖွင့်ကြည့်တယ်.. တွေ.ပြီ ရေခွက် ..
ဘုံဘိုင်ရေပဲ သောက်မယ်ကွာဆိုပြီး ပိုက်ဖွင့်ချလိုက်တယ်.. တငုံပဲငုံရသေးတယ်..လူကချက်ချင်းပြန်အန်ရော.. ထွက်လာတဲ့ chemical နံ.ကတော်တော်ပြင်းပါတယ်.. ဒါနဲ့ မဖြစ်ချေဘူးဆိုပြီ ရေနွေးဂေါက်နဲ့ ရေနွေးတည် ပါလာတဲ့ လက်ဖက်ခြောက်ခက်လိုက်မှ သောက်ဝင်တော့တယ်..
ကျမရဲ့ ပထမဆုံး အင်္ဂလန်ညစာက ခရက်ကာ ရေနွေးကြမ်း နဲ. ချဉ်ပေါင်ကြော်ပါ.. ဘာမှန်းမသိတဲ့ စားသုံးခြင်းပေါ့......
ဒါကြောင့် နောက် ဘယ်ခရီးပဲ သွားသွား မုန်.ခြောက်နဲ.ရေဘူးဆောင်ထားရမယ်ဆိုတဲ့ အသိရလာပါတယ်.
အဲ့ဒီညက ဘယ်အခန်းပဲ ခေါက်ခေါက်ဘာသံမှကိုပြန်မကြားရဘူး.. တိတ်ဆိတ်နေတာပဲ.. ကျမလည်းကြောက်ကြောက်နဲ. အခန်းကို နှစ်ဆယ့်လေးပစ္စည်း စည်းချပြီး လှဲနေလိုက်တယ်.. အိမ်ကိုလည်းလွမ်းတယ်.. ဖေဖေ့ကိုလည်းသတိရနေခဲ့တယ်.. အိပ်လို.လည်းမပျော်ပါဘူး..
နောက်နေ. agent က အမက မြန်မာကျောင်းသားတယောက်ယောက်ကို လွှတ်လိုက်မယ်လို.သာပြောသွားတယ်.. တယောက်မှ ပေါ်မလာပါဘူး.. ကျမ မှာ ဗိုက်ကလည်းဆာ ပိုက်ဆံလည်းဘယ်လိုလဲရမှန်းမသိနဲ. နောက်ဆုံး အဲဒီအမ မနေ့ကပြသွားတဲ့ လမ်းမှာမြန်မာကျောင်းသား အဆောင်ရှိတယ်ဆိုပြီး လိုက်ရှာရပါတယ်..နောက် အဲ့ဒီအဆောင်မှာ မန္တလေးက အသိအမနဲ.တွေ.တော့မှ ဟင်းချနိုင်တော့တယ်.. တကယ်မလွယ်ပါဘူးနော်.. နောက်တော့မှ ကူညီမှူတွေနဲ. လေ့လာမှုတွေနဲ.နေသားကျသွားပါတယ်...
ကျမရဲ့ ယူကေလိုက်ဖ် စစချင်းပါ.. ဘယ်လိုလဲ? ချိုမြိန်တယ်မလား?
ဒါမှ ဘဝလို. ကိုယ့်ကိုကိုယ်သိနားလည်ခဲ့သော အတိတ်က နေ.စွဲတစ်ခုပေါ့...........

6 comments:

Steve Evergreen said...

Welcome to the UK

Sein Lyan Tun said...

အကိုကတော့ ဘယ်လိုဖြစ်ဖြစ် အင်္ဂလန်ကို ရောက်ချင်ခဲ့တာပါ...

ဘယ်တော့ ဆုတောင်းပြည့်မယ်မသိပါဘူး

ဒါပေမယ့် ရောက်အောင်ကိုလာအုံးမယ်...


ချစ်တဲ့

ကိုကြီး ဖိုးစိန်

ကိုရင်နော်ခင်လေးငယ် said...

လာလာရေ..!
စိတ်ဝင်စားစရာပဲ...
အဲ့ဒီတုန်းက စိတ်မောခဲ့ရပေမယ့်.. ခုတော့လည်း အိုကေစိုပြေပေါ့နော့်..

ချဉ်ပေါင်ကြော်လေး နည်းနည်းလောက်..း)

ခင်တဲ့..

တာရာ said...
This comment has been removed by a blog administrator.
တာရာ said...

အခုလည်း ကျေုာင်း နဲ့ အလုပ်တွေနဲ့ ချာလပတ်ရမ်းနေပါတယ် .. စိတ်ကတော့မောဆဲပဲ ..(ကျောင်းလခ၊အိမ်လခ၊မီးခ၊ရေခ၊ဖုန်းခ)ဟီးဟီး များကြီးပဲ...း(

ဝေလေး said...

တစ်ခုတော့ ကောင်းသွားတာပေါ့ မြန်မြန် pass ပေးလိုက်တယ်ဆိုတော့ အကြာကြီးရပ်မနေရတော့ဘူး :P