Monday 10 August 2009

မင်္ဂလာရှိသောနေ့


မိုးကုတ်စက်ဝိုင်းကို လာလည်ကြသော အကို အမများ ..မောင်လေး ညီမလေးများ အားလုံးသော ဘလော့ဂါများ စာလာဖတ်သူများကို ဒီနေရာကနေ ဂါရဝပြုပါတယ်..မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်.....
ကျမ စာရေးဖို့ ဘလော့လေးတစ်ခုဖြစ်တည်လာဖို့ ကြိုးစားနေတာ ကြာပါပြီ... သူများအိမ်တွေ သွားသွားလည်ပြီး ကိုယ်အိမ်ကိုတော့ စတင်ဖို့မဝင့်မရဲဖြစ်နေခဲ့တယ်... စိတ်ထဲကနေ အိမ်လည်မခေါ်နိုင်တော့ အားလည်းနာနေမိတယ်.. ကိုယ့်ကိုကိုယ်မယုံကြည်သေးတာလည်းပါတာပေါ့...
ဒီနေ.တော့ မမနော် (မနော်ဟရီ) ရဲ့ ပို့စ်တစ်ခုမှာကွန်မန့်သွားပေးပြီး ကျမနာမည်လေးမှာ လင့်ခ်လေးလိုပေါ်နေတာနဲ့ နှိပ်ကြည့်တော့ ဂူးဂဲလ်ဘလော့လုပ်တဲ့ဆီရောက်သွားပါတယ်.. ဒါနဲ့ နည်းနည်းအားတက်သွားပြီး စမ်းလုပ်ကြည့်မိရင်း မထင်မှတ်ဘဲ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်... အဲ့ဒီအတွက် မမနော်ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်းပြောချင်ပါတယ်.. ရေးသာရေးနေရတာ မြန်မာဖောင့်နဲ့ပေါ်မလား ဘယ်လိုထွက်လာမလဲ မသိသေးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ကျမရဲ့အိမ်လေးကို စတင်ပြီး မွမ်းမံပြင်ဆင်ပါတော့မယ်... အားပေးကြပါဦးနော်.. စာစရေးခါစမို့ အမှားတွေပါရင်လည်း တောင်းပန်ပါတယ်.. အားလုံးရွှင်လန်းချမ်းမြေ့ပါစေရှင်...
Stella


11 comments:

ကိုရင်နော်ခင်လေးငယ် said...

လာလာရေ..!!
ဦးနော်တို့က ပထမဆုံး ကော်မန့်ပေးသူအဖြစ် မှတ်တမ်းဝင်ပြီပေါ့နော်..

ဝမ်းသာအားရ ဖက်လဲတကင်း ကြိုဆိုပါတယ်...
စာတွေ အများကြီးရေးနော်... ဘလော့နဲ့ပါတ်သက်ပြီး အတတ်နိုင်ဆုံး ကူညီပေးမယ်..

“လာလာ” လို့ နာမည်ပေးသွားတယ်.. ဦးနော်တို့ ပေးတဲ့ နာမည်က ပေါက်တတ်တယ်နော်.. ;)

ချစ်ခင်စွာဖြင့်..

ဦးနော်တီငယ်..

tin min htet said...

စာရေးတာကို အားပေးပါတယ် ခင်ဗျာ။ ရေးသာရေးပါ။ တယောက်နဲ့ တယောက်မှာ မတူတဲ့ အတွေ့အကြုံတွေ ရှိကြတာဆိုတော့၊ မတူတဲ့ ရှုထောင့် မတူတဲ့ ခံစားမှုတွေ ဖတ်ရတာပေါ့။

ငှက်ကလေး said...

အားပေးပါတယ် မမရေ လာတယ်နော် သိလား ကြိုပါတယ်နော် ဆက်လက်ရေးသားနိုင်ပါစေ ဘိုင်

ငှက်ကလေး said...

ဆက်ရေးနော် အမ ရေ ကြိုဆိုပါတယ်

တာ့တာ

ကိုလူထွေး said...

အမှတ်မထင်နှိပ်ကြည့်ရင်း ဘလော့တခုဖြစ်လာတယ်ဆိုတော့ ဝမ်းသာစရာပေါ့...

ဆက်လုပ်ပါ... အားပေးပါတယ်...

းဝ)

Sein Lyan Tun said...

အကိုညီမဆီလာလည်တော့ ဝမ်းသာတယ်ဟ

ဆက်လုပ်ညီမလေးရေးးးး


အကိုတို့မှာ ဒီမောင်နှမတွေနဲ့ ပျော်စရာ ဒီ လယ်တောလေးပဲရှိတာဟ

ပျော်ရွင်စွာနဲ့ ချီတက်ကြမယ်


ချစ်တဲ့

ကိုကြီး

ဖိုးချိန်

Ree Noe Mann said...

ကြိုဆိုပါတယ် နော် တာရာရေ

ဆက်ရေးပါ။ အားပေးနေမယ်။

ကိုရီနို

MANORHARY said...

Welcome !!
Warmly welcome and let's share our feelings , thoughts, dreams and idea !!

မေလေး said...

တာ့ရာရေ
အားပေးနေမယ်နော်

ရွှန်းမီ said...

welcome to the blog world :-)

ဝေလေး said...

မင်္ဂလာပါ မတာရာ
စာတွေအများကြီးရေးသားနိုင်ပါစေ..... =)