Showing posts with label မိတ်ဆက်ခြင်း. Show all posts
Showing posts with label မိတ်ဆက်ခြင်း. Show all posts

Monday, 10 August 2009

မင်္ဂလာရှိသောနေ့


မိုးကုတ်စက်ဝိုင်းကို လာလည်ကြသော အကို အမများ ..မောင်လေး ညီမလေးများ အားလုံးသော ဘလော့ဂါများ စာလာဖတ်သူများကို ဒီနေရာကနေ ဂါရဝပြုပါတယ်..မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်.....
ကျမ စာရေးဖို့ ဘလော့လေးတစ်ခုဖြစ်တည်လာဖို့ ကြိုးစားနေတာ ကြာပါပြီ... သူများအိမ်တွေ သွားသွားလည်ပြီး ကိုယ်အိမ်ကိုတော့ စတင်ဖို့မဝင့်မရဲဖြစ်နေခဲ့တယ်... စိတ်ထဲကနေ အိမ်လည်မခေါ်နိုင်တော့ အားလည်းနာနေမိတယ်.. ကိုယ့်ကိုကိုယ်မယုံကြည်သေးတာလည်းပါတာပေါ့...
ဒီနေ.တော့ မမနော် (မနော်ဟရီ) ရဲ့ ပို့စ်တစ်ခုမှာကွန်မန့်သွားပေးပြီး ကျမနာမည်လေးမှာ လင့်ခ်လေးလိုပေါ်နေတာနဲ့ နှိပ်ကြည့်တော့ ဂူးဂဲလ်ဘလော့လုပ်တဲ့ဆီရောက်သွားပါတယ်.. ဒါနဲ့ နည်းနည်းအားတက်သွားပြီး စမ်းလုပ်ကြည့်မိရင်း မထင်မှတ်ဘဲ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်... အဲ့ဒီအတွက် မမနော်ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်းပြောချင်ပါတယ်.. ရေးသာရေးနေရတာ မြန်မာဖောင့်နဲ့ပေါ်မလား ဘယ်လိုထွက်လာမလဲ မသိသေးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ကျမရဲ့အိမ်လေးကို စတင်ပြီး မွမ်းမံပြင်ဆင်ပါတော့မယ်... အားပေးကြပါဦးနော်.. စာစရေးခါစမို့ အမှားတွေပါရင်လည်း တောင်းပန်ပါတယ်.. အားလုံးရွှင်လန်းချမ်းမြေ့ပါစေရှင်...
Stella